ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၈၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၆၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၈.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၈၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၂၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၂၀၀ကျပ် ဈေးမြင့်တက်ကာ ဆန်ကွဲB(1,2) ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများမြင့်တက်သွားခြင်းမှာ ဆန်လက်ကျန်နည်းပြီး ဝယ်လို အားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှသိရပါသည်။ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့